ထောက်ကြန့်မြို့နယ် လှော်ကားလမ်းစုံအနီးရှိ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်း အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်

ထောက်ကြန့်မြို့နယ် လှော်ကားလမ်းစုံအနီးရှိ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်း အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့အခြေစိုက် ခမရ (၁၀၆)ခြေမြန်တပ်ရင်းကို အဝေးထိန်းမိုင်း အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ကြောင်း Dark Shadow (YGNUG) အဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထောက်ကြန့်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၀၆)တပ်ရင်းကို အောက်တိုဘာလ (၁၆)ရက်နေ့ ညနေ (၆)နာရီခွဲတွင် Dark Shadow အဖွဲ့မှ အဝေးထိန်းမိုင်း အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအား နေ့စဉ် ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုနှင့် ပက်သက်၍ ထိခိုက်မှု တစုံတရာကို သိရှိရခြင်း မရှိသေးကြောင်း Dark Shadow (YGNUG) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ကောင်စီ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပက်သက်သည့်နေရာများ ၊ စစ်ကောင်စီမှ ရဲ ၊ စစ်သားနှင့် ပျူစောထီးများ ၊ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာ နေရာများသို့ သွားရောက်ခြင်းမပြုကြရန် Dark Shadow (YGNUG) အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

Photo : ခမရ (၁၀၆)ခြေမြန်တပ်ရင်း အရှေ့မြင်ကွင်း (ပုံဟောင်း)