သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၅ ခု ကို မန္တလေး PDF သိမ်း

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၅ ခု ကို မန္တလေး PDF သိမ်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း(၅)ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟုလည်း ယမန်နေ့ ဩဂုတ်လ (၉)ရက်နေ့က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Mandalay PDF