ယင်းမာပင်မြို့နယ်အတွင်း ချင်းပုန်းရွာတဝိုက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ၍ ပြည်သူများ ထွက်ပြေးနေရ

ယင်းမာပင်မြို့နယ်အတွင်း ချင်းပုန်းရွာတဝိုက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ၍ ပြည်သူများ ထွက်ပြေးနေရ
ဖေဖော်ဝါရီ 26, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ညောင်ကိုင်းကျေးရွာ၊ ချင်းပုန်းကျေးရွာတဝိုက်ကို ယနေ့ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီး လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီတပ်က၏ ရဟတ်ယာဉ် (၄)စီးဖြင့် အင်အားတိုးမြှင့်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ညောင်ကိုင်း၊ ကြာစီရွာကိုလည်း မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး‌ မြေပြင်အခြေအနေအရ ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

ချင်းပုန်းရွာရဲ့ အခုလက်ရှိအခြေနေကတော့‌ စစ်သားတွေ တပ်စွဲထားတယ်။ အိမ်တွေလည်း မီးလောင်နေတယ်။ ဒေသခံ(၃)ယောက်လည်းသေတယ်။ အဖမ်းခံရတဲ့သူတွေလည်းရှိတယ်။ စစ်ခွေးတွေ ညောင်းကိုင်းဆေးရုံမှာ တစ်ဖွဲ့ တပ်စွဲထားတယ်။

ဟု ဒေသခံတစ်ဦး ကပြောသည်။

ချင်းပုန်းကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်း ဆင်းပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင် ပစ်ခတ်လာခြင်းဖြစ်သည်ဟု သိရသည်။