သံဖြူဇရပ်မြို့နယ် ဘုရားကုန်းရွာအနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုမှ ပစ်ခတ်တိုက်ခိုက်

သံဖြူဇရပ်မြို့နယ် ဘုရားကုန်းရွာအနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုမှ ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဘုရားကုန်းရွာအနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ကြောင်း တောင်ညိုစစ်ကြောင်းမှ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုရားကုန်းရွာအနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက ယမန်နေ့ သြဂုတ်လ (၁၅) ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီး (၃၇) လုံး ဆက်တိုက် ပြန်လည်ပစ်ခတ် တုံ့ပြန်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်ညိုစစ်ကြောင်းနှင့် KNLA တပ်ရင်း (၂၇) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency