မြင်းမူမြို့နယ် မြောင်လမ်းခွဲနှင့် အထက ၁ ကျောင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

မြင်းမူမြို့နယ် မြောင်လမ်းခွဲနှင့် အထက ၁ ကျောင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် မြောင်လမ်းခွဲနှင့် မြင်းမူမြို့ အထက (၁) ကျောင်းတို့တွင် အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force – Myinmu အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့နယ် ဘိုးမင်းကြီးကျေးရွာအနီး မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီအထိုင်စခန်းကို ၂၀၂၄ခုနှစ် သြဂုတ်လ (၄) ရက်နေ့ နေ့လယ် တစ်နာရီခွဲခန့်မှ စတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် (၇)ကြိမ် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၄)ရက်နေ့ ညနေ ခြောက်နာရီခွဲဝန်းကျင်တွင် မြင်းမူမြို့ အထက (၁)တွင် အထိုင်ချ နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းများဖြင့် (၄)ကြိမ် ထပ်မံ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း People’s Knight Defense Force – Myinmu အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား People’s Knight Defense Force – Myinmu ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၇) တပ်ခွဲ (၃) နှင့် အခြားသော ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency