နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC 2) အတွင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏သား မင်္ဂလာဆောင်ကျင်းပနေချိန် မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Shar Htoo Waw နည်ပညာတပ်ဖွဲ့-KLOUD Team မှ သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် နေပြည်တော် MICC 2 အတွင်း စစ်အုပ်စု ကြည်းရေလေ ညှိနိူင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏သား မင်္ဂလာဆောင်ကျင်းပရာတွင် စစ်အုပ်စုခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်ဟု သတင်းရရှိသဖြင့် မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် စနစ်တကျပြင်ဆင်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသည့် ရဲနှင့်စစ်သား တချို့ထိခိုက်မှုရှိခဲ့ပြီး မင်္ဂလာဆောင် တက်ရောက်သည့် စစ်ဗိုလ်ချုပ်တချို့လည်း ကြောက်လန့်၍ ထွက်ပြေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
အဆိုတိုက်ခိုက်မှုအား ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၏ KLOUD DRONE၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Shar Htoo Waw