လားရှိုးမြို့ကို MNDAA က လုံခြုံရေးအတွက်စတင်တာဝန်ယူ

လားရှိုးမြို့ကို MNDAA က လုံခြုံရေးအတွက်စတင်တာဝန်ယူ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း MNDAA က ပြည်သူ့လုံခြုံရေးအတွက် စတင်တာဝန်ယူနေပြီဖြစ်ကြောင်း ဓာတ်ပုံများကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် ဖော်ပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း လားရှိုးမြို့တွင်း၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ၊ မြို့တော်ခန်းမရှေ့တို့တွင် ရိုက်ထားသည့် ဓာတ်ပုံများကို ဖော်ပြလာခြင်း‌ကြောင့် တပ်ရင်းများနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့တွင် စစ်ကောင်စီတပ်များ မရှိတော့သည်ကို မြင်တွေ့ရသည်။

(၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် (၂၅)ရက်နေ့ နံနက် (၄)နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ 

လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာကာ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်ဟု MNDAA ဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: The Kokang