မလွှကုန်းမီးရထားဝန်းအတွင်း CDM ရထားဝန်ထမ်းတစ်ဦးကို PDF ခေါင်းဆောင်ဟု စွပ်စွဲကာ အာဏာသိမ်းစစ်တပ်က ရိုက်နှက်ဖမ်းဆီးသွား

မလွှကုန်းမီးရထားဝန်းအတွင်း CDM ရထားဝန်ထမ်းတစ်ဦးကို PDF ခေါင်းဆောင်ဟု စွပ်စွဲကာ အာဏာသိမ်းစစ်တပ်က ရိုက်နှက်ဖမ်းဆီးသွား
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မလွှကုန်းမီးရထားဝန်းအတွင်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်အကြမ်းဖက်ကာ CDM ဝန်ထမ်းတစ်ဦးအား PDF ခေါင်းဆောင်ဟု စွပ်စွဲပြီး  ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့အကူး နံနက်(၁)နာရီခွဲဝန်းကျင်အချိန်က မလွှကုန်းမီးရထားဝန်းအတွင်းနေ မီးရထား CDM ဝန်ထမ်းတစ်ဦးဖြစ်သူ အကြီးတန်းစာရေး ဦးအောင်ကိုလတ်အား အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါင်ဆောင်သွားခြင်း ဖြစ်သည်။

PDF ခေါင်းဆောင်လို့ စွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးသွားတာ။ သူ့နေအိမ် လိုင်းခန်းအနီးက အိမ်သုံးအိမ်လောက်ကိုလည်း တံခါးတွေ ဖျက်ဆီးမွှေနှောက်သွားပါတယ်။

ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက TachileikNewsAgency သို့ ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူနှင့် အဆက်အသွယ်ပြတ်တောက်နေပြီး ၎င်းအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း သိရသည်။