တောင်ကိုရီးယားနိုင်ငံ၏ ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ (၄၄)နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးများ တက်ရောက်ကြောင်း သိရသည်။
ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၈)ရက်နေ့တွင်ပြုလုပ်သည့် (၄၄)နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် အလေးပြုအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
အခမ်းအနားကို တက်ရောက်ခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများသည် ကိုရီယားနိုင်ငံ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အီဂျဲမြောင်နှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားကို ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆော့ယောလ်၊ အစိုးရအဖွဲ့ဝင်များ၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အီဂျဲမြောင်၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးနှင့် လူထုအဖွဲ့အစည်းများ၊ ၂၀၂၄ ခုနှစ် ဂွမ်ဂျူးလူ့အခွင့်ရေးဆုရှင် သီရိလင်္ကာနိုင်ငံမှ Suganthini Mathiyamuthan Thangarasa နှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
#TachileikNewsAgency
Photo: National Unity Government of Myanmar