ပခုက္ကူလေဆိပ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက

ပခုက္ကူလေဆိပ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက

မကွေးတိုင်း ပခုက္ကူလေဆိပ်၌ တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့တွင် သွားရောက်တိုက်ခိုက်ကြောင်း ရွှေညာမြေ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဟင်္သာရွာပျူစောထီးစခန်းနှင့် ဆင်မရဲရွာပျူစောထီးစခန်းမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများသည် ပခုက္ကူလေဆိပ်၌ တဲအသစ်များဆောက်လုပ်ကာ တပ်စွဲနေပြီး အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းဥစ္စာများအား ဖျက်ဆီးယူဆောင်ခြင်း၊ အနီးပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Rocket (၁၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ Drone များဖြင့် ဗုံးသီး (၂၀)လုံး ကြဲချတိုက်ခိုက်ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရရှိမှုများနိုင်ပြီး ဒရုန်းကြဲချမှုကြောင့် ၎င်းတို့ နေထိုင်ရာတဲများလည်း မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။ 

ဇူလိုင်လ (၁၅)ရက်နေ့တွင်လည်း ပခုက္ကူလေဆိပ်၌ တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ညပိုင်းအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ (၅၀)မမ လက်နက်ကြီး (၁၅)လုံးနှင့် Rocket (၂၀)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Drone များဖြင့်လည်း ဗုံးသီး (၃၇)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Shwe Nyar Myae People Defense Force