မြိုင်မြို့နယ်ရှိ ကိုင်းတောမနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း သိမ်းပိုက်

မြိုင်မြို့နယ်ရှိ ကိုင်းတောမနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း သိမ်းပိုက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ကိုင်းတောမနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ၂၀၂၄ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် နှစ်ကြိမ်ဝင်ရောက် စီးနင်းတိုက်ခိုက်ကာ သိမ်းပိုက်လိုက်ကြောင်း Young Force UG ထံမှ သိရသည်။ 

ဩဂုတ်လ(၃)ရက်နေ့ နံနက်(၆)နာရီတွင် ရဲစခန်းကို စတင်၍ ကိုင်းတောမအထိုင်စခန်းအားလုံးကို တပြိုင်နက်တည်း ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် (၅)နာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)ဘက်က အသက်(၁၇)နှစ်အရွယ် ရဲဘော် ‌မဟောက် နှင့် အညာမြေ တပ်ပေါင်းစုမှ ရဲဘော် G Shock တို့ ကျဆုံးသည်ဟု သိရသည်။

၎င်းတိုက်ပွဲတွင် ကိုင်းတောမရေစက်တွင်း အထိုင်ချစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်‌ကောင်စီတပ်ထံမှ လက်နက်ကြီး၊ ခဲယမ်းတချို့အပြင် စစ်အသုံးဆောင် ဆက်စပ်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်း ရရှိခဲ့သည်ဟု သိရသည်။ 

အဆိုပါ ကိုင်းတောမနယ်မြေရဲစခန်းသိမ်း တိုက်ပွဲကို  ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF) ၊ BLDF ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် (၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ Young Force UG ၊ PPDF ၊ Shwe Nyar Myae ၊ Pakokku Undergroung Force နှင့် Thu Rain-TR Hunter Pakokku၊ Earthquake)၊ အညာမြေတပ်ပေါင်းစုနှင့် မြိုင်မြို့ နယ်မှ တော်လှန်ရေးအဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: Young Force UG