မင်းတပ်မြို့ဝန်းကျင်ကို ကျောက်ထု အမြှောက်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန်ကာ မီးလောင် ပျက်စီး

မင်းတပ်မြို့ဝန်းကျင်ကို ကျောက်ထု အမြှောက်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန်ကာ မီးလောင် ပျက်စီး
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

ကျောက်ထုအမြှောက်တပ်မှ ယနေ့ဇန်နဝါရီလ(၂၉) ရက်၊  ညနေ(၃)နာရီက မင်းတပ်မြို့အနီးဝန်းကျင်ရွာများကို ဦးတည်၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဒေသခံအိမ်နှစ်လုံးထိမှန်ကာ မီးလောင်ပျက်စီးသွားကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အမြှောက်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ လီလောင်းကျေးရွာသို့ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲကာ လူနေအိမ်(၂)လုံး မီးလောင် ပျက်စီးသွား သော်လည်း ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ယှက်ကျေးရွာတွင်လည်း ကျရောက်ခဲ့‌သော်လည်း ပေါက်ကွဲ မှုမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် မတူပီမှ ပြန်ဆင်းလာသော စစ်ကောင်စီယာဉ်တန်းသည်  (၅၆)မိုင်စခန်းဝန်းကျင်ရှိ လူနေအိမ်များကို မီးရှို့ခဲ့ကြပြီး လက်ရှိ တွင် (၅၁)မိုင်ဝန်းကျင်ကို ရောက်နေကြောင်း သိရသည်။