ပျော်ဘွယ်မြို့နယ်တွင် ကန်များကျိုးပေါက်ကာ ကျေးရွာပေါင်း ၃၁၈ ရွာ ရေမြုပ်နေ

ပျော်ဘွယ်မြို့နယ်တွင် ကန်များကျိုးပေါက်ကာ ကျေးရွာပေါင်း ၃၁၈ ရွာ ရေမြုပ်နေ
စက်တင်ဘာ 12, 2024 | အခြားဒေသများ

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် ရန်အောင်ကန်နှင့် ကျောက်ဆည်ကန်ကျိုးကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့အထိ ရွာပေါင်း (၃၁၈)ရွာ ရေနစ်မြုပ်နေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ 

"ပျော်ဘွယ်မြို့နယ်ထဲ ရေကြီးရေလျှံမှုက နေရာအနှံ့ နီးပါးကိုဖြစ်နေတာပါ။ ဖြစ်တဲ့နေရာတိုင်းကို ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိပါတယ်။"ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

ထို့အပြင် လမ်းများလည်းပျက်စီးပြီး တံတားများပါ ကျိုးကျ မျောပါသွားပြီဖြစ်သဖြင့် လမ်းပန်းဆက်သွယ်‌ရေး ပြတ်တောက်သွားပြီဖြစ်သည်။

ရေနစ်မြုပ်မှုကြောင့် နေအိမ်များအတွင်း၌ ပိတ်မိနေသူ အများအပြားရှိနေပြီး ယခုအချိန်ထိ ကယ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ