ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်း ပြည်သူ့စစ်အထိုင်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်း ပြည်သူ့စစ်အထိုင်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်း ပြည်သူ့စစ်အထိုင်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် (၅)ကြိမ် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇီးဖြူကုန်းပြည်သူ့စစ်အထိုင်စခန်းအား ဇွန်လ (၉)ရက်နေ့ ည (၈)နာရီမှ (၉)နာရီအတွင်း PDFပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်များဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၀) ရက်နေ့ နံနက် (၁)နာရီဝန်းကျင်တွင် အဆိုပါ ပျူစောထီးစခန်းအား (၂)ကြိမ် ထပ်မံ ဗုံးသီးပစ်ချတိုက်ခိုက်ရာ ပျူစောထီးများမှ ဒရုန်းပျံသန်းရာလမ်းကြောင်းအတိုင်း လိုက်လံပစ်ခတ်ခဲ့ပြီး အသင့်စောင့်နေသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ကာ ပျူစောထီးများ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်းကျေးရွာရှိ ပြည်သူ့စစ်များသည် ကျေးရွာအနီးရှိ လယ်ယာလုပ်ကိုင်နေသည့် ပြည်သူများကို အကြောင်းမဲ့ပစ်ခတ်ခြင်း ကျေးရွာအတွင်း ၎င်းတို့နှင့် အတူမနေထိုင်လို၍ ထွက်ခွာသွားကြပြီး လူမနေသည့်အိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏဆိုသလို ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးများဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile ၊ ဝက်လက် M.SAI.NAW ပြောက်ကျား ဒရုန်းတပ်ဖွဲ့ ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင် (ဒပယ)ဇာမဏီဒေါင်း (ဒပယ) EYE FOR EYE၊ YAUNG NI၊ စွန်ရဲရွှေဘိုဒေသခံအဖွဲ့ ၊ဒေါင်းစစ်သည်အဖွဲ့ ၊ ဂျိုကာပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ BO BA TaW (LPDF) HG FIGHTRS၊ ရွှေဘိုအားမာန် (UG)အဖွဲ့၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိပွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Hinthar People Defence Forceတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency