ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ဆင်းလာသည့် ပျူစောထီးကား နှစ်စီးအား ဒေါင်းညီနောင်စစ်ကြောင်းမှ ပစ်ခတ်တိုက်ခိုက်

ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ဆင်းလာသည့် ပျူစောထီးကား နှစ်စီးအား ဒေါင်းညီနောင်စစ်ကြောင်းမှ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ဆင်းလာသည့် ပျူစောထီးကား (၂)စီးအား ထားဝယ်-သရက်ချောင်းလမ်းပိုင်းတစ်နေရာတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ဆင်းလာသည့် ပျူစောထီးကား (၂)စီးအား ဇူလိုင်လ (၂)ရက်နေ့ ညနေ (၄)နာရီတွင် ထားဝယ်-သရက်ချောင်း လမ်းပိုင်းတစ်နေရာတွင် ဒေါင်းညီနောင်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များမှ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ ဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်တော့မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ၊ ပျူစောထီးနှင့် နီးစပ်သည့်နေရာများအား မဖြစ်မနေသွားရမည်ဆိုပါက စစ်ရေးသတိရှိစွာဖြင့် ဖြတ်သန်းသွားလာကြပါရန် ဒေါင်းညီနောင်စစ်ကြောင်းမှ တိုက်တွန်းထားသည်။

#TachileikNewsAgency