မန္တလေး PDF ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေ

မန္တလေး PDF ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေ

မန္တလေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး PDF)ထိန်းချုပ်ထားသည့် မတ္တရာ၊ သပိတ်ကျင်းနှင့် စဉ်ကူးမြို့နယ်တို့ကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီမနက်အထိတော့ လေယာဥ်ကြဲတာ သုံးကြိမ်ရှိပြီ။ မနေ့ညက တစ်ကြိမ်ကြဲပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းအထိ ဗုံ ကြဲတိုက်ခိုက်နေတုန်းပဲ။”ဟု ဒေသခံတစ်ဦးက Tachileik News Agecny ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီတပ်သည် စဉ်ကူးမြို့နယ်အတွင်းက ကံတောင်ဘက်နှင့် သပိတ်ကျင်းမြို့နယ်အတွင်း  ဝက်သေ၊ ဖက်ရှည်၊ ကွင်းသုံးဆယ် စသည့် ရွှေလုပ်ကွက်နေရာများကို လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ကြဲတာတော့ ရွှေလုပ်ကွက်တွေ ရှိတဲ့နေရာတွေပဲ။ အခုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိခိုက်ဒဏ်ရာ ရနေသူတွေကို ဆေးရုံတွေ ပို့ပေးနေတာလို့ သိရတယ်ဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး PDF)နှင့် စစ်ရေးဆိုင်ထားသော မတ္တရာမြို့ နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး တဝိုက်ကိုလည်း ယနေ့ နံနက်ပိုင်းက လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီသည် မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားသေးပြီး လူထိခိုက်မှုမရှိ ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။