ကျောက်မဲမြို့တွင်းရှိ One Love Hotel ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုတယ်တခုလုံး ပျက်စီး 

ကျောက်မဲမြို့တွင်းရှိ One Love Hotel ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုတယ်တခုလုံး ပျက်စီး 

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင်းရှိ One Love Hotel ကို ၂၀၂၄ခုနှစ် ဇွန်လ(၃၀) ညပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ  ပေါင်(၅၀၀)ဗုံးကြဲချရာ ဟိုတယ်အတွင်း အပြင် ထိခိုက်ပျက်စီးသွားရသည်ကို တွေ့ရသည်။ 

ဟိုတယ်အတွင်း ထိခိုက် ပျက်စီးမှု အခြေအနေ

ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ One Love Hotel အနီးကို စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးကြဲချရာ ဟိုတယ်လည်းပျက်စီးပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်များလည်းပျက်စီးသွားခဲ့သည်။

“စကစရဲ့ ပစ်မှတ်က ပြည်သူဖြစ်နေပြီ။ မြင်မြင်ရာ ပစ်တော့တာပဲ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၉)ရှိ ဆီဆိုင် တစ်ဆိုင်တွင် ဗုံးကျရောက်ပြီး ပေါက်ကွဲကာ မီးလောင်သွားခဲ့ကြောင်း သိရသည်။

 

ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ်မီးသတ်ရုံးအနီးတွင် ပေါင်(၅၀၀)ဗုံး ကြဲချကာ တိုက်ခိုက်သည့်အတွက် ဒေသခံနေအိမ် (၈)အိမ်အထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency