ရေစကြိုတွင် ပျူစောထီးရွာအား လက်နက်နှင့် ရိက္ခာလာပို့သည့် စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်

ရေစကြိုတွင် ပျူစောထီးရွာအား လက်နက်နှင့် ရိက္ခာလာပို့သည့် စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်းရှိ ပျူစောထီးရွာအား လက်နက်နှင့် ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ကြောင်း Young Wolf Local PDF အဖွဲ့ထံမှ သိရသည်။

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီအထိုင်ချထားသည့် ပျူစောထီးရွာအား လက်နက်နှင့် ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး မျက်မြင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ဒဏ်ရာရရှိသူများအား ခေါ်ဆောင်၍ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Young Wolf Local PDF၊ မန်းခရိုင် တပ်ရင်း (၆)၊ ဆားတောင်မိုးကြိုး ၊ ဆားတောင်မြို့ပြပြောက်ကျား SD အဖွဲ့များနှင့် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: OUNG WOLF LOCAL PDF (ပုံဟောင်း)