စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစောထီးစခန်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ရင်း (၂)မှ ပစ်ခတ်တိုက်ခိုက်ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇီးဖြူကုန်း ပျူစောထီးစခန်းကို မေလ (၁၇) ရက်နေ့ နံနက် (၈) နာရီခန့်တွင် BNRA တပ်ရင်း(၂) မှ (84) မမ ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး နောက်နေ့ မေလ (၁၈)ရက်နေ့ နံနက် ခြောက်နာရီခွဲခန့်တွင် ဇီးဖြူကုန်း ပျူစောထီးစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်သားနှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၀) ခန့်ကို BNRA တပ်ရင်း (၂)မှ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
နှစ်ဖက်တပ်ဖွဲ့များအကြား မိနစ် (၂၀) ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး မျက်မြင်သေဆုံးခဲ့ပြီး ၊ BNRA ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRABNRA သည် LPDFs၊ MOD တပ်ရင်းများ၊ EROs များနှင့်အတူ မြို့သိမ်းတိုက်ပွဲများအပါအဝင် ထိရောက်သည့် စစ်ရေးဖော်ဆောင်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။
#TachileikNewsAgency