ခင်ဦးတွင် စစ်အုပ်စုထုတ် ဘီယာများကို ဖျက်ဆီး 

ခင်ဦးတွင် စစ်အုပ်စုထုတ် ဘီယာများကို ဖျက်ဆီး 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်အုပ်စုထုတ် ဘီယာများကို သိမ်းဆည်းရရှိသည်ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ကာလတန်ဘိုး ၁၄,၀၆၄,၀၀၀(သိန်းတစ်ရာ လေးဆယ် ခြောက်သောင်းလေးထောင်ကျပ်)တန်ဘိုးရှိ စစ်အုပ်စုထုတ် Myanmar Beer ဂျပ်ဖာပေါင်း (၁၉၀)ဖာ၊ ဗူးပေါင်း (၄၅၆၀)ဗူးနှင့် ANDAMAN GOLD ဂျပ်ဖာပေါင်း (၃၇)ဖာ၊ ဗူးပေါင်း (၄၄၄)ဗူး တို့ကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။ 

အဆိုပါ သိမ်းဆည်းရမိသည့် ပစ္စည်များအားလုံးကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများမှ အများပြည်သူများရှေ့တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးသည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် မိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက်ဖြစ်သော စစ်ကောင်စီ ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်သည့် လုပ်ရပ်များဖြစ်စေနိုင်သည့်အတွက် စစ်အုပ်စုထုတ်ကုန်များကို သပိတ်မှောက်ကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့