မိုးကုတ်အကျဉ်းထောင်နှင့် စစ်ကောင်စီတပ်စခန်းကို TNLA ပူးပေါင်းတပ် သိမ်းပိုက်

မိုးကုတ်အကျဉ်းထောင်နှင့် စစ်ကောင်စီတပ်စခန်းကို TNLA ပူးပေါင်းတပ် သိမ်းပိုက်

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်း ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား (၂၀)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။

သိမ်းဆည်းရရှိသည့် စစ်ကောင်စီလက်နက်များတွင် လက်နက်ငယ် (၅)လက်၊ ဒရုန်း(၁)စင်းနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများလည်းပါဝင်သည်ဟု TNLA က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများအား TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ဇူလိုင်လ (၂၂)ရက်နေ့ နေ့လယ်ပိုင်းက နောင်ချိုမြို့နယ် တဲခေါ်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နှင့် နမ့်ဆီလင်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း TNLက လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA NEWS