အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးကြောင်း MNDAA ကြေညာ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးကြောင်း MNDAA ကြေညာ

စစ်ကောင်စီတပ်၏ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁၂) နာရီ မိနစ် (၂၀) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း MNDAA က ကြေညာသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ပြီး တစ်လပြည့်ချိန်တွင်  တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိသည့်အနက် ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)မှာ ပထမဆုံး လက်လွှတ်ဆုံးရှုံးရသည့် စစ်ဌာနချုပ် ဖြစ်လာခြင်းဖြစ်သည်။

#TachileikNewsAgency