အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများကို တွန်းဇံမြို့နယ်တွင် ဖမ်းမိ

အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများကို တွန်းဇံမြို့နယ်တွင် ဖမ်းမိ

ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ လုံခြုံရေးဂိတ်တွင် အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများ သယ်ဆောင်လာသူ (၂)ဦးကို ဖမ်းဆီးရမိကြောင်း ချင်းအမျိုးသားတပ်မတော်ထံမှ သိရသည်။

ချင်းအမျိုးသားတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် ဆပ်ပြာဗူးပေါင်း(၁၀၀၀)ဖြင့်ထည့်ကာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မည့် ကာလတန်ဖိုး ရူပီးငွေသိန်း(၃၅၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူသယ်ဆောင်လာသူ(၂)ဦး၏ ယာဉ်ကို မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ယာယီသိမ်းဆည်းထားပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ကွင်းဆက်များကို ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။

တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency