အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အငြိမ်းစား တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အငြိမ်းစား တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦးအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)က ပစ်ခတ်ရှင်းလင်းကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ၊ ရွာရှောင်ကုန်းတွင် နေထိုင်သည့် စစ်ကောင်စီသတင်းပေး အငြိမ်းစား တပ်ကြပ်ကြီးအား ၂၀၂၄ခုနှစ် ဇွန်လ (၂) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်တွင် ၎င်း၏နေအိမ်၌  ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဖုန်း (၁)လုံးနှင့် ဦးထုပ် (၁)လုံးအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသတင်းပေး အငြိမ်းစား တပ်ကြပ်ကြီးသည် စစ်ကောင်စီအလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း ၊ ငွေကြေးကောက်ခံခြင်း ၊ စစ်ကောင်စီထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်း သတင်းပို့ခြင်းတို့ကို လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း မြေအောက်ပြောက်ကြားတပ်ဖွဲ့ (အုတ်ဖို)မှ ဆိုသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ အုတ်ဖိုမြို့နယ်အခြေစိုက် 

အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့်အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency