သထုံမြို့နယ် လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှ သာသာနာပိုင်ငွေများကို စစ်ကောင်စီတပ်ယူသွား

သထုံမြို့နယ် လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှ သာသာနာပိုင်ငွေများကို စစ်ကောင်စီတပ်ယူသွား

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှ သာသာနာပိုင်ငွေများနှင့် ကျောင်းထိုင်ဆရာတော်၏ ဖုန်းကို စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း KNU ဗဟိုထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆)ရက်နေ့က စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ (ခမရ-၉)တပ်ရင်း လေ့ကျင့်ရေး (၉)တပ်ဖွဲ့ဝင်များသည် ဝီယော်ကျေးနယ်၊ ဝီယော်ရွာနှင့် သုံးအိမ်စုရွာအကြားရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဝင်ရောက်ကာ သာသနာပိုင် ငွေသား (၁,၇၀၀,၀၀၀)ကျပ်၊ အစားအသောက်တစ်ချို့နှင့် သီတင်းသုံးနေထိုင်သော ဦးဇင်း ဦးကောဓည၏ ဖုန်း(၁)လုံးအား ယူဆောင်သွားသည်ဟု သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီ၏ တိုင်တရာ အမတ(၃၀၂)တပ်ရင်းမှ လက်နက်ကြီး (၃)လုံး၊ အမတ(၃၁၄)တပ်ရင်းမှ လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ဒေသခံအရပ်သားများနေထိုင်ရာသို့ လက်နက်ကြီး ပစ်ခတ်ရုံသာမက ၎င်းတို့စစ်ကြောင်းထိုးပါကပြည်သူပိုင်၊ သာသနာပိုင်ပစ္စည်းများကို အဓမ္မရယူမှု၊ ခိုးယူမှုနှင့် ဖျက်ဆီးမှုများ ရှိနေသည်ဟု သိရသည်။

#TachileikNewsAgency