ဘီးလင်းမှ ရန်ကုန်သို့လာသည့် တပ်မ ၄၄ ယာဉ်တန်းကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ဘီးလင်းမှ ရန်ကုန်သို့လာသည့် တပ်မ ၄၄ ယာဉ်တန်းကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ရန်ကုန်သို့လာသည့် စစ်ကောင်စီတပ်မ(၄၄)၏ ကား(၇)စီးပါ ယာဉ်တန်းအား ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်‌ရေးအင်အားစုထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ကျိုက်ထိုမြို့နယ် မရမ်းချောင်(ကွာရီအပိုင်)လမ်းကွေ့တွင် ကျိုက်ထိုတော်လှန်‌ရေးအင်အားစု၊ KNLA၊ ကျိုက်ထို ပကဖ တို့က လက်လုပ်မိုင်းကြီး (၂)လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် (၃)စီးမြောက်ယာဉ်၏ ယာဘက်ခြမ်း ထိမှန်ပျက်စီးသွားပြီး မောင်းပြေးသွားကာ ကားပေါ်မှ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

မိုင်းခွဲခံရသဖြင့် စစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး ကား(၅)စီးမှာ ရန်ကုန်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုစာရင်းကို Tachileik News Agencyအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

ထို့နောက် မိုင်းခွဲခံရသည့်နေရာကို စစ်တောင်းတံတားဂိတ်နှင့် မုပ္ပလင်လမ်းဆုံဂိတ်တို့ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency