ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား KNLAပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကြောတစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ကစတင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဇူလိုင်လ (၂၁)ရက်နေ့တွင် တောင်ကြောတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ကြောင်း Cobraစစ်ကြောင်းထံမှ သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ(၁၁၈)၊ လ(၈)တို့မှ စစ်ကောင်စီတပ်သား အများအပြားသေကာ ဆက်သွယ်ရေးစက် (၁)လုံး၊ 60mm (၁၆)လုံး၊ ရှေ့ထွက်မိုင်း (၆)လုံး၊ ကားမိုင်း (၉)လုံး၊ Jammerစက် (၂)လုံး၊ မိုင်းရှာစက် (၂)လုံး၊ စက်လက်ပြောင်း (၁)ပြောင်း၊ ကွန်မန်ဒို 60mmပြောင်း (၂)လက်၊ 40mm (၉)လုံး၊ G3 ကျည်ဘောက်(၄)ခု၊ MA ကျည်ဘောက် (၂)ဘောက်၊ စစ်ခမောက် (၈)လုံး၊ RPG ပို့ယမ်း (၃)တောင့်၊ RPGသီး (၁)လုံး၊ 7.62 ကျည် (၁၈၈၀)တောင့်၊ 5.56ကျည် (၃၀၂)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်နှင့် Federal Wingsတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo : Cobra Column