ခင်ဦးမြို့နယ်တွင် နေအိမ်(၃)လုံးနှင့် ကြက်အကောင်ရေ သုံးသောင်းကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

ခင်ဦးမြို့နယ်တွင် နေအိမ်(၃)လုံးနှင့် ကြက်အကောင်ရေ သုံးသောင်းကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် နေအိမ် (၃)လုံးနှင့် ကြက်ခြံများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ခင်ဦးမြို့အရှေ့ဘက်ခြမ်း ကုန်းကြီးရွာ၌ ညအိပ်သွားသည့် စစ်ကောင်စီတပ်များသည် ယနေ့ ဇူလိုင်လ (၆)ရက်နေ့ နေ့လည်ပိုင်းတွင် လယ်သစ် တောကျေးရွာ စာသင်ကျောင်းအနီးရှိ နေအိမ်(၃)လုံးနှင့် ကြက်အကောင်ရေ(၃၀၀၀၀)ကျော်ရှိသည့် လယ်သစ်တောရွာမှ အသားစား ကြက်ခြံ(၃)လုံး၊ ကုန်းကြီးရွာအရှေ့ဘက်မှ ကြက်ခြံ(၄)လုံးနှင့် လယ်သစ်တောဇရပ်အနီးရှိ ကြက်ခြံ(၃)လုံးတို့ကို မီးရှို့ဖျက်စီးသွားကြောင်း သိရသည်။ 

ထို့နောက် ညနေပိုင်းတွင် ကုန်းကြီးရွာအနောက်တောင်ဘက် တမာရွာ အထွက်လမ်းမှစတင်ပြီး မီးရှို့ဖျက်ဆီးရာ ဆုံးရှုံးမှုများနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် လယ်သစ်တော၊ ကုန်းကြီး၊ တမာ၊ ဆူးတပ် စသည့်ရွာများမှ ဒေသခံ ထောင်ချီ  ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ဇူလိုင်လ(၂)ရက်နေ့က ခင်ဦးမြို့နယ် အောင်ခမ်းသာရွာကို စစ်ကောင်စီတပ်များဝင်ရောက်လာစဉ် ထွက်ပြေးခဲ့ရသည့် ဒေသခံများ