ဗန်းမောက်မြို့နယ်အတွင်း နောင်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလာကြဲ၍ ဒေသခံ (၂)ဦး သေဆုံးခဲ့ရ

ဗန်းမောက်မြို့နယ်အတွင်း နောင်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလာကြဲ၍ ဒေသခံ (၂)ဦး သေဆုံးခဲ့ရ
By Mr John

 

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ မေလ( ၂၅ )ရက်နေ့၊ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များပျက် စီးကာ ဒေသခံ( ၂ )ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယ‌င်းနေ့ည( ၉ )နာရီကျော်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲချခဲ့ရာ နေအိမ်( ၆ )လုံး ပျက်စီးပြီး အသက်( ၆၆ )နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်( ၃၃ ) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

"တိုက်ပွဲဖြစ်တာ မရှိဘူးခင်ဗျ။ လေယာဉ်နှစ်စီးလို့ပဲ သိရပါတယ်။ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်ဗျ။"ဟု Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို မေလ(၂၆)ရက်နေ့၏ နေ့လည်ပိုင်းတွင် ပြောသည်။

နောင်ကန်ရွာနှင့် အလှမ်းဝေးသည့် ကြောင်လည်ရွာအနီးတွင်သာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ( ၆ )ရက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး မေလ( ၂၄ )ရက်နေ့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။

ကြောင်လည်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာ ကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ထိခိုက်သေ ဆုံးသူအများအပြားဖြင့် ဆုတ်ခွါသွားသည်ဟု သိရသည်။

#TachileikNewsAgency

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...