သံတွဲမြို့တွင်းရှိ စစ်‌ရှောင်များခိုလှုံနေသည့် နေရာများကို စစ်ကောင်စီ ဗုံးကြဲရာ ၁၅ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရ

သံတွဲမြို့တွင်းရှိ စစ်‌ရှောင်များခိုလှုံနေသည့် နေရာများကို စစ်ကောင်စီ ဗုံးကြဲရာ ၁၅ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် အရပ်သား (၁၅)ဦး သေဆုံးပြီး (၂၃)ဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် သံတွဲမြို့လယ်ခေါင် သံတွဲမြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးရုံးတို့ကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး အဆိုပါနေရာများတွင် ကျိန္တလီမှ စစ်ရှောင်များ လာရောက်ခိုလှုံနေခြင်းဖြစ်သည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

#TachileikNewsAgency

Photo: CJ