တမူး - အောင်ဇေယျ လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးပြီး အလောင်းများကို ကားပေါ် ကောက်တင်သွား

တမူး - အောင်ဇေယျ လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးပြီး အလောင်းများကို ကားပေါ် ကောက်တင်သွား

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တမူး - အောင်ဇေယျကားလမ်းပိုင်းတွင် ‌နယ်မြေရှင်းလင်းရေးနှင့် ယာဉ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ပျူစောထီးပါသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဧပြီလ(၇) ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF တမူး တပ်ရင်း(၁)က သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ဆေးရေးလုပ်ဆောင်နေစဉ် တမူးမြို့ဘက်မှတက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး‌ပူးပေါင်းတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သား(၃)ဦး သေကြောင်း သိရသည်။

သေဆုံးအလောင်းများကို ၎င်းတို့ယာဉ်ပေါ် ကောက်တင်၍ တမူးမြို့တွင်းသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ ကြောင်း သိရသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟု သိရပြီး နောင်တွင်လည်း တမူး - အောင်ဇေယျ ကားလမ်းပိုင်းအား နယ်‌မြေရှင်းလင်းရေးနှင့် ယာဉ်စစ်ဆေးရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုန်ပြန်ထားသည်။