ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သား (၂၉၆)ဦးကို MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့တွင် ထပ်မံလွှတ်ပေးကြောင်း သိရသည်။
တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော စစ်သုံ့ပန်းများအား လူသားချင်းစာနာမှုဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ယခုတစ်ကြိမ် လွှတ်ပေးလိုက်သူများတွင် ဒဏ်ရာရသူအချို့လည်းပါဝင်သည်ဟု ဆိုသည်။
ဒဏ်ရာရစစ်ကောင်စီတပ်သားများကို MNDAA က ဆေးကုသပေးကာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ၎င်းတို့ကို ဘေးကင်းရာသို့ ပို့ဆောင်ပေး၍ အမှာစကားပြောပြီး ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ(၆)ရက်နေ့မှစတင်၍ MNDAA သည် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ခရီးစရိတ်များပေး၍ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့အထိ စစ်သုံ့ပန်း(၂၀၀၀)ကျော်နှင့် မိသားစုဝင်များ ပါဝင်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: 果敢资讯网