KTV တွင်  သောက်စား ပျော်ပါးနေကြသည့် ဗိုလ်မှူးတစ်ဦးနှင့် ကျောက်လုပ်ငန်းရှင်များ အပါအဝင် (၅)ဦး ပစ်ခတ်ဖောက်ခွဲခံရမှုကြောင့် သေဆုံး

 KTV တွင်  သောက်စား ပျော်ပါးနေကြသည့် ဗိုလ်မှူးတစ်ဦးနှင့် ကျောက်လုပ်ငန်းရှင်များ အပါအဝင် (၅)ဦး ပစ်ခတ်ဖောက်ခွဲခံရမှုကြောင့် သေဆုံး

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ Happy KTV တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် လုပ်ငန်းရှင်တစ်စု သီဆို သောက်စား ပျော်ပါးနေကြစဉ် ပစ်ခတ်၊ ဖောက်ခွဲမှုဖြစ်ပြီး သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့  မရှီကထောင်ရပ်ကွက်အတွင်းရှိ Happy KTV ၏ အခန်းအမှတ် 777 (5D) တွင်  ၂၀၂၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့ နံနက်(၄)နာရီ ဝန်းကျင်အချိန်က ပစ်ခတ်ဖောက်ခွဲမှုဖြစ်ပြီး တပ်မ (၃၃)လက်အောက်ခံ ခလရ(၁၃)စစ်ကြောင်းမှူး ဗိုလ်မှူးဇော်မောင်(ခ)ဇော်မှိုင်းနှင့်အတူ သီဆို သောက်စား ပျော်ပါးနေကြသည့် ကျောက်လုပ်ငန်းရှင်များဖြစ်သည့် လုံးခင်းမှ လုပ်ငန်းရှင် ဦးဘတုတ် နှင့် ဖားကန့်မှ လုပ်ငန်းရှင် ဦးကျော်စိုး အပါအဝင် စုစုပေါင်း (၅)ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး မည်သို့ ဖြစ်ပွားသည်ကို မသိရသေးသော်လည်း သေဆုံးသွားသည့်   ဗိုလ်မှူးဇော်မောင်(ခ)ဇော်မှိုင်းသည် DSA 47 က ဖြစ်ကြောင်း သိရသည်။