သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀)တပ်စခန်း PDF သိမ်း

သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀)တပ်စခန်း PDF သိမ်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀)တွင် အခြေပြုလှုပ်ရှားနေသည့် စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ 

ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား(၄၀၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ဩဂုတ်လ (၅)ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၂၀)ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။ 

ကွင်း(၅၀၀)တပ်စခန်းမှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ 

ကွင်း(၅၀၀)တပ်စခန်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ပေးဆပ်မှုအချို့ ရှိခဲ့သည်ဟု ဆိုသည်။ 

လက်ရှိတွင် မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)