စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဥက္ကံရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၃)ဦး သေဆုံးကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။
သေဆုံးသူ (၃)ဦးထဲတွင် အမျိုးသမီး(၂)ဦး ပါဝင်ပြီး (၇)ဦးဝန်းကျင် ဒဏ်ရာရကာ ဥက္ကံရွာသည် စစ်ရှောင်များ လာရောက်နေထိုင်ရာ ကျေးရွာဖြစ်သဖြင့် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်သွားပြီး ဗုံးသီး(၆)လုံးချတိုက်ခိုက်ရာ (၅)လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Kawlin info၊ ကောလင်းခရိုင်တပ်ရင်း၂၊ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့