မြိုင်တွင် တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးလာသည့် ဓားစာခံကို စစ်ကောင်စီတပ် ပစ်သတ်

မြိုင်တွင် တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးလာသည့် ဓားစာခံကို စစ်ကောင်စီတပ် ပစ်သတ်
စက်တင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဓားစာခံ အရပ်သားတစ်ဦးကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ပစ်သတ်သွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့က မြိုင်မြို့မှ ထွက်ခွာလာသော အင်အား(၂၀၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် သင်းပေါင်းကန်ကျေးရွာ‌သို့အရောက် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျေးရွာတပ်ပေါင်းစုအဖွဲ့၊ မြိုင်မြို့နယ် အရှေ့ပိုင်းဇုန် အဖွဲ့များမှ စုပေါင်းကာ လက်နက်ကြီးများ၊ Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ Drone တပ်ဖွဲ့ဖြစ်သော Myaing U.A.V Fighter အဖွဲ့၊ ကျေးရွာ Local တပ်ပေါင်းစုအဖွဲ့၊ မြိုင် ပကဖ တပ်ရင်း (၂)၊ တပ်ခွဲ (၅)၊ ပကဖ တိုက်နယ်-၄၊ တပ်ရင်း (၅)အဖွဲ့တို့ စုပေါင်းပြီး နေ့လယ်ပိုင်းတွင် မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် အီနာဂါ ဗုံးသီအလုံး(၂၀)ချကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ဖမ်မိထားသော ဓားစာခံတစ်ဦးအား ပေပင်တိုက်တောတိုက် အနီးတွင် ပစ်သတ်ခဲ့ပြီး ကံယာကောင်းကျေးရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

#TachileikNewsAgency