ကျိုက်ဒုံနယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်း၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ကျိုက်ဒုံနယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်း၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
အောက်တိုဘာ 29, 2022 | 2021 Military Coup| အခြားဒေသများ

 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနယ်မြေရဲစခန်းကို အောက်တိုဘာလ (၂၈) ရက်နေ့၏ ညပိုင်းက ဝင်ရောက်စီးနင်းနိုင်ခဲ့ရာ လက်နက်ခဲယမ်း အများပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

၎င်းစခန်းကို KNLA တပ်ရင်း (၁၈)နှင့် ဒေါန စစ်ကြောင်း တပ်ခွဲ (၁)  ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ ရှေ့ထွက်မိုင်း (၄) လုံး၊ မိုင်းကြိုး (၂) ခွေ၊ လက်ပစ်ဗုံး (၂၃) လုံး၊ 7.62 ကျည်  (၂၅၄၀)တောင့် ၊၆၀မမ ဗုံးသီး  (၂၃) လုံး၊ G3 (၆) လက်၊ G3 ကျည်ဘောက် (၁၁)ခု၊ G4 (၁) လက်၊ အူဇီ (၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ ဆသရစက်ကြီး (၁) လုံး ၊ RPG ပို့ယမ်း (၃) တောင့်တို့ဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် KIO/KIA  နယ်မြေအနန့်ပါ ဖြစ်စဉ်နှင့်အတူ နိုင်ငံတဝန်း စစ်ကောင်စီ၏တရားမဲ့ လုပ်ရပ်များအပေါ် တုန့်ပြန်သော တိုက်ခိုက်မှုတစ်ခု‌ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက် အကျအဆုံး တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။