ရေးမြို့နယ် အောင်သာယာရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ရေးမြို့နယ် အောင်သာယာရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

ရေးမြို့နယ် အောင်သာယာရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းယူထားသည့် အမတ (၃၁၇)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ (၁)ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်ညိုစစ်ကြောင်းနှင့် KNLA အမှတ် (၂၇)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲသည့် သြဂုတ်လ (၂၂)ရက်နေ့ကလည်း ရေးမြို့နယ် နှစ်ကရင်လမ်းဝအနီးတွင် ကားလမ်းစစ်ဆေးမှုပြုလုပ်နေသည့် အမတ (၃၁၇) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency