စစ်ကောင်စီတပ် အာဏာသိမ်းပြီး (၄) နှစ်အတွင်း တော်လှန်ရေးတပ်များက မြို့နယ်နှင့် မြို့ပေါင်း (၉၅)မြို့ဝန်းကျင်ကို သိမ်းပိုက်ထားပြီဖြစ်သည်။
တော်လှန်ရေးတပ်များသည် တိုင်းနှင့် ပြည်နယ် (၁၄)ခုရှိသည့်အနက် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှ မြို့နယ်နှင့် မြို့များကို သိမ်းပိုက်ထားခြင်းဖြစ်သည်။
တော်လှန်ရေးတပ်များသည် ရှမ်းပြည်နယ်အတွင်းမှ မြို့ နယ်နှင့် မြို့ပေါင်း (၂၆)မြို့ကို အများဆုံး သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်မှ (၁၉)မြို့၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် (၁၅)မြို့ စီ၊ ကရင်နီပြည်နယ်မှ (၆)မြို့၊ စစ်ကိုင်းတိုင်းမှ (၅)မြို့၊ မန္တလေးတိုင်း နှင့် ကရင်ပြည်နယ်တွင် (၄)မြို့စီကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
တော်လှန်ရေးတပ်များသည် နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ မြို့များကို သိမ်း ပိုက်နိုင်ခြင်းမရှိသေးသော်လည်း ယင်းဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားနေသည်။
အချက်အလက်များကို သုတေသန အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သော ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့ က Tachileik News Agency ကို ကူညီပေးထားခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဇန်နဝါရီလ ပထမပတ်တွင် ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများကို စစ်ကောင်စီက (၄၁) ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်တော့ပြီး (၅၈) ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များဘက်က ထိန်းချုပ်ထားပြီဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်(၂)ခု၊ ဒကစ ဌာနချုပ်(၁)ခု၊ စကခ ဌာနချုပ်(၅)ခု၊ စစ်ဗျူဟာ အခြေချ စခန်း (၆)ခု၊ လေတပ်ဆွယ် (၂)ခု၊ တိုက်ခိုက်ရေး နောက်တန်းစခန်း (၈၆)ခု၊ လက်ရုံးနောက်တန်းစခန်း (၅၄)ခု၊ နယ်ခြားစောင့်စခန်း (၁၇)ခုတို့ကို တော်လှန်းတပ်များဘက်က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့