ဝေါမြို့နယ် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်၌ ရန်ကုန်သို့ပို့မည့် ကျည်ဆံများ သိမ်းဆည်းခံရ

ဝေါမြို့နယ် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်၌ ရန်ကုန်သို့ပို့မည့် ကျည်ဆံများ သိမ်းဆည်းခံရ

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည် စစ်ဆေးရေးဂိတ်၌ မွန်ပြည်နယ် သိမ်ဇရပ်မှ ရန်ကုန်သို့ပို့မည့် ကျည်ဆံများစွာကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် ဖမ်းဆီးရမိသွားကြောင်း သိရသည်။

"ဖမ်းဆီးခံရတဲ့ကားက ဟိုက်လပ်ကား၊ သိမ်ဇရပ်ကကား ဖမ်သွားတာတော့ သေချာတယ်။"ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ ဇူလိုင်လ (၁၇)ရက်နေ့တွင်ပင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အနီးရှိ ရွှေသံလွင်တိုးဂိတ်ဟောင်း၌ စစ်ကောင်စီတပ်က PDF တပ်ဖွဲ့ဝင် (၃)ဦးကို ဖမ်းဆီးရမိသည်ဟုဆိုကာ စွပ်စွဲထုတ်ပြန်ထားသည်။

၎င်းတို့မှာ ဘီးလင်းမြို့နေ ကိုစက်ပိုင်စိုး (၂၀)နှစ်၊ ရန်ကုန်မြို့ စော်ဘွားကြီးကုန်းနေ ကိုခန့်ဇင်ကို (၁၉)နှစ်၊ ပဲခူးတိုင်း ရွှေကျင်မြို့နေ မခင်မေလတ် (၁၉)နှစ်တို့ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ PDFတပ်ဖွဲ့ဝင်များ ဟုတ်၊ မဟုတ်ကိုမူ Tachileik News Agencyက အတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ ဖြစ်စဉ်နှစ်ခုလုံးကို Tachileik News Agencyက ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency

Photo : ရွှေရောင်ပြတံတားဟောင်းတွင် PDF ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံရသူ(၃)ဦး