ရပ်စောက်တွင် ရှမ်းနှစ်တပ် တိုက်ပွဲဖြစ်ပြီး SSPP တပ်သား ၅ ဦးဖမ်းဆီးရမိဟု RCSS ထုတ်ပြန်

ရပ်စောက်တွင် ရှမ်းနှစ်တပ် တိုက်ပွဲဖြစ်ပြီး SSPP တပ်သား ၅ ဦးဖမ်းဆီးရမိဟု RCSS ထုတ်ပြန်
ဇူလိုင် 22, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့  ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့က တိုက်ပွဲဖြစ်ပြီး SSPP တပ်သား(၅)ဦးကို ဖမ်းဆီးရမိကြောင်း RCSSက ရှမ်းဘာသာဖြင့် ထုတ်ပြန်သည်။

ဇူလိုင်လ (၂၁)ရက်နေ့ ညပိုင်းတွင် မိုင်းပျဉ်း၊ ရပ်စောက်ဘက်၌ SSPP စစ်ကြောင်းကို RCSSက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း SSPP တပ်သား(၅)ဦးကို သေနတ်(၉)လက်နှင့်အတူ ဖမ်းမိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း SSPP တပ်သားတချို့သည် ရှမ်းလူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်လိုခြင်းမရှိသဖြင့် RCSS ထံ အလင်းဝင်သည့် တပ်သားတချို့လည်းရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၆)ရက်နေ့က ရပ်စောက်မြို့နယ်အတွင်း SSPP တပ်နှင့် RCSS တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကိုလည်း SSPP က ထုတ်ပြန်ခဲ့ကာ SSPP တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း TNLA နှင့် စစ်ရေးကိစ္စများကြောင့် ဖြေရှင်းထားရသည်။

#TachileikNewsAgency

Photo: Tai Freedom - Shan Version