မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုပ်အားပေးအဖြစ် လာရောက်လုပ်ဆောင်နေသည့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတစ်ဦးဖြစ်သည့် ဧရာဝတီတိုင်း ပန်းတနော်ြမို့နယ်မှ အသက်(၂၅)နှစ်အရွယ် ဦးသက်နိုင်ထွန်းသည် ပြီးခဲ့သည့် ဇွန်လ(၁၀)ရက်နေ့ ည(၈)နာရီဝန်းကျင်တွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေစဥ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းသည် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံး၌ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနေစဉ် ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက်သေဆုံးခဲ့ရသည့် ဦးသက်နိုင်ထွန်းအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ဦးသက်နိုင်ထွန်း ကောင်းရာသုဂတိ ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း ရက္ခိုင့်တပ်တော်(AA)၏ Cyclone Mocha ERRCAက ယနေ့ဇွန်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရပြီး ရခိုင်ပြည်နယ်ရှိ လျှပ်စစ်ဝန်ထမ်းများအပြင် ပြင်ပမှလုပ်အားပေး လျှပ်စစ်ကျွမ်းကျင်လုပ်သားများလည်း လာရောက်လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency