ဘိုကလေးမြို့နယ် စက်ဆန်းတိုက်နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဖောက်ခွဲခံရ

ဘိုကလေးမြို့နယ် စက်ဆန်းတိုက်နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဖောက်ခွဲခံရ

 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းတိုက်နယ်ကျေးရွာမှ အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ် ယနေ့မေလ (၂၂)ရက်နေ့ နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကြည်ဝင်း၏ နေအိမ်တွင် နံနက်(၅) နာရီခွဲဝန်းကျင်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်အရှေ့ခြမ်းပြိုကျ ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်အာဏာရှင်ကို တော်လှန်နေသည့် စက်ဆန်းတိုက်နယ်ကျေးရွာမှ ဒေသခံများအား ဖမ်းဆီးခံရရအောင် သတင်းပေးခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဘိုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

"အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးကြည်ဝင်းသည် စကစအလိုကျဆောင်ရွက်လျက်ရှိပြီး၊ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများကြောင့် ဖမ်းဆီးခံရသူ အများပြားရှိပါသည်။"ဟု ဘိုကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

ယခုလို တိုက်ခိုက်ခြင်းသည် ၎င်း၏ လှုပ်ရှားမှုများကို ရပ်တန့်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပကဖက သတိပေးထားသည်။ 

#TachileikNewsAgency