ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အရပ်သား ၅ ဦးသေဆုံး ဖုန်းလိုင်းများလည်း ဖြတ်တောက်ထား

ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အရပ်သား ၅ ဦးသေဆုံး ဖုန်းလိုင်းများလည်း ဖြတ်တောက်ထား
စက်တင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပြီး အရပ်သားများ သေဆုံးကာ စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း Chinland Defence Force-Kalay Kabaw Gangaw ထံမှသိရသည်။

ယမန်နေ့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အင်အား (၁၀၀)ဝန်းကျင်ဖြင့် အောင်သာယာရွာဘက်သို့ စစ်ကြောင်း(၃)ကြောင်းဖြင့် စစ်ကြောင်းထိုးလာရာ CDF-KKG ပါဝင်သည့် ပူးပေါင်းတပ်များနှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ CDF-KKGမှ ရဲဘော်တစ်ဦး၊ ကလေးမြို့ ပကဖမှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။

ထို့နောက် အောင်သာယာရွာ အရှေ့ဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ကလေးခရိုင် အမှတ်(၄)တပ်ရင်းနှင့် ပူးပေါင်းကာ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး ပူးပေါင်းတပ်ဘက်မှ ရဲဘော်(၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ စက်တင်ဘာလ (၂၇)ရက်နေ့တွင် အောင်သာယာရွာမှတဆင့် မှန်နောဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် မှန်တောရွာအနီးတွင် CDD-KKG၊ ကလေးခရိုင်အမှတ်(၄) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ CNDF(Thal Pau)တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည့်အပြင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ရှားဖိုးရွာမှ အရပ်သား(၄)ဦး ဒဏ်ရာရပြီး မိခင်တစ်ဦးထိတ်လန့်ကာ သေဆုံးသွားကြောင်း သိရသည်။

#TachileikNewsAgency