စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ်(၁၁)သင်တန်းဖွင့်ပြီး ရက်ပိုင်းအကြာတွင် အပတ်စဉ်(၁၂)အတွက် မန္တလေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၄)ရက်နေ့က စတင်ကာ မဲနှိုက်ရွေးချယ်နေကြပြီဖြစ်သည်။
မန္တလေးမြို့ပေါ်မှ လူငယ်များကို စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၂)အတွက် မဲနှိုက်ရမည်ဟု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ညပိုင်းက လိုက်လံကြေညာပြီးနောက် ယနေ့နံနက်ပိုင်းတွင် မဲနှိုက်နေပြီဟု ဆိုသည်။
မြေပြင်တွင် စစ်ရေးရှုံးနှိမ့်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြီး အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများနှင့် (၁၈)နှစ်မှ (၂၇)နှစ်အတွင်း အမျိုးသမီးများကို (၂)နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဌာန်းလိုက် ခြင်းဖြစ်သည်။
အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက အမျိုးသား အသက်(၁၈)နှစ်မှ (၄၅)နှစ်၊ အမျိုးသမီး အသက်(၁၈)နှစ်မှ (၃၅)နှစ်ဟု သတ်မှတ်ထားသည်။
စစ်ကောင်စီသည် အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)နှုန်းဝန်းကျင် ခေါ်ယူနေပြီး ရှေ့တန်းသို့ ပို့ ဆောင်နေရာ တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားသစ်များ သေဆုံးနေရသည်။
စစ်ကောင်စီလော်ဘီများကမူ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁၂)တွင်တက်ရောက်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် မန္တလေးရပ်ကွက်အသီးသီးတွင် ပျော်ရွှင်တက်ကြွစွာ မဲနှိုက်နေသည်ကြသည်ဟု ဖော်ပြထားကြသည်။
#TachileikNewsAgency