မြိုင်မြို့နယ် စက်မှု ၂ ကပစအား တော်လှန်ရေးတပ်ဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မြိုင်မြို့နယ် စက်မှု ၂ ကပစအား တော်လှန်ရေးတပ်ဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် စက်မှု (၂) ကပစအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) အဖွဲ့ထံမှ သိရသည်။

မြိုင်မြို့နယ် စက်မှု (၂) ကပစအား ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက် (၅) နာရီခွဲတွင် စစ်တပ်အာဏာသိမ်းမှု (၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့မှ ရှော့တိုက်ဒုံးများအား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး စစ်မှု (၂)အတွင်းရှိ အဆောက်အဦးများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်မှုအခြေအနေအား​ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃၀)ရက်နေ့ကလည်း မြိုင် စက်မှု (၂)မှ ထွက်လာသည့် အင်အား (၁၀၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ဘာမထီအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ရော့ကတ်များဖြင့် (၅)ကြိမ် လိုက်လံနှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင် စက်မှု (၂)သည် မြိုင်မြို့၏ တောင်ဘက် (၄)မိုင်ခန့် အကွာတွင် တည်ရှိသည့် စစ်ကောင်စီတပ်၏ အကြီးစား စက်ရုံသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတခုဖြစ်သည်။

#TachileikNewsAgency

#TNA_LE

Photo: ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင် (ပုံဟောင်း)