ထီးလင်းတွင် အပြင်ထွက် ပျော်နေသည့် စစ်ကောင်စီတပ်၏ ဗိုလ်ကြီးအပါအဝင် အဖွဲ့ကို ပစ်ခတ်၊ ဗိုလ်ကြီးမှာ ပေါင် ကျည်မှန် ဒဏ်ရာဖြင့် ထွက်ပြေး

ထီးလင်းတွင် အပြင်ထွက် ပျော်နေသည့် စစ်ကောင်စီတပ်၏ ဗိုလ်ကြီးအပါအဝင် အဖွဲ့ကို ပစ်ခတ်၊ ဗိုလ်ကြီးမှာ ပေါင် ကျည်မှန် ဒဏ်ရာဖြင့် ထွက်ပြေး
ဧပြီ 13, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ထီးလင်းမြို့၌ ယနေ့ ဧပြီလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် အပြင်ထွက်ပျော်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်သားနှစ်ဦးနှင့် ဒလန်များအား ပစ်ခတ်ရာ (၃)ဦး သေပြီး ဗိုလ်ကြီးသည် ကျည်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း YDF(Htilin)က သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားများ ကင်းစောင့်လေ့ရှိသော မီးသတ်ရုံးအား ဝင်ရောက်စီးနင်းနိုင်ရန် ချဥ်းကပ်ချိန်တွင် အနီးရှိ ကော်မရှင်ဦးစီးရုံးသို့ ပျော်ပွဲစားထွက်လာသည့် ဗိုလ်ကြီး နေလင်းအောင်နှင့် တပ်သားနှစ်ဦးအပါအဝင် ဒလန်များအား တွေ့ရသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဗိုလ်ကြီးနေလင်းအောင်မှာ ပေါင် ကျည်မှန် ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။



YDF(Htilin)တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခွာချိန်တွင် နောက်မှလိုက်လာသည့် စစ်ကောင်စီတပ်သားများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ (၂)ဦးထပ်‌ သေပြီး တပ်စွဲထားသည့်နေရာကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။