ခလရ (၂၅၆)မှ တပ်သားနှစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်ပြီး ရေစကြို PDF ထံ အလင်းဝင်

ခလရ (၂၅၆)မှ တပ်သားနှစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်ပြီး ရေစကြို PDF ထံ အလင်းဝင်
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

အကြမ်းဖက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရေစကြိုတပ်နယ်မှ အမှတ်(၂၅၆)ခြေလျင်တပ်ရင်းမှ တပပ်သား(၂)ဦး စစ်ကောင်စီ တပ်ကို စွန့်ခွာပြီး CDM ပြုလုပ်ကာ ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်အပ်ကာ အလင်းဝင် ပူးပေါင်းလာကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်လာသည်။

လက်နက်အပ်ကာ အလင်းဝင်သည့် တပ်သား (၂)ဦးမှာ  စောကလဲဘွဲထူး နှင့် ကိုသက် ဆိုသူများဖြစ်ပြီး ၎င်းတို့က ရေစကြို PDF က လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။ 

အကြမ်းဖက် စစ်ကောင်စီ၏ တပ်တွင်းများမှ စစ်သားအများစုမှာ CDM ပြုလုပ်ပြီး အလင်းဝင်လာချင်သူများနေသော်လည်း တပ်တွင်း ခြိမ်းခြောက်ခံထားရမှုများကြောင့် အခက်အခဲများ ဖြစ်နေသည်ဟုလည်း သိရသည်။



အကြမ်းဖက် စစ်ကောင်စီတပ်အား စွန့်ခွာပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံချင်သူများအနေဖြင့် ရေစကြို PDF က ကြိုဆို လက်ခံနေပြီး လွတ်မြောက်နယ်မြေသို့ တာဝန်ယူ ပို့ဆောင်ပေးမည်ဖြစ်ကြောာင်းလည်း အသိပေးထားရှိသည်။