ဦးကျော်မင်းယု(ခ)ဂျင်မီ နှင့် ဦးဖြိုးဇေယျာသော် တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ် အမိန့်ချ

ဦးကျော်မင်းယု(ခ)ဂျင်မီ နှင့် ဦးဖြိုးဇေယျာသော် တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ် အမိန့်ချ
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားသည့် NLD အမတ် ဦးဖြိုးဇေယျာ်သော် နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကျော်မင်းယု(ခ) ကိုဂျင်မီတို့အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် ဦးဖြိုးဇေယျာသော်နှင့် ဦးကျော်မင်းယု(ခ) ကိုဂျင်မီတို့အား စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ယနေ့တွင် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။