ကလေးမြို့နယ်အတွင်း ဖြတ်သန်းသည့် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို လမ်းတလျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၍ သေဆုံးသူ များပြား

ကလေးမြို့နယ်အတွင်း ဖြတ်သန်းသည့် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို လမ်းတလျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၍ သေဆုံးသူ များပြား
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ မော်တော်ယာဉ် (၈) စီးပါယာဉ်တန်းကို ယ‌နေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ၎င်းတို့ဖြတ်သန်းရာ ရွာစဥ်တလျှောက် မိုင်းဆွဲတိုက်ခိုက်ရာ အာဏာသိမ်းတပ်ဘက်က သေဆုံးမှုအများအပြားရှိပြီး CNDF တပ်သားတစ်ဦး ကျဆုံးသည်ဟု ကလေး PDF က ထုတ်ပြန်သည်။

ရန်ကြီးအောင်ရွာမှ ကလေးမြို့ဘက်သို မောင်းနှင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ မော်တော်ယာဉ် (၈)စီးပါ ယာဉ်တန်းကို အောင်ချမ်းသာရွာနှင့် ချောင်းခွရွာကြားတွင် PDF ကလေး၊ CNDF ၊ CDF(KKG)၊ RKDF နှင့် ပ.က.ဖ တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တန်းသည် ကလေးမြို့သို့ ထွက်ခွာလာရာ PDF ကလေးတပ်ဖွဲ့က လမ်းတလျှောက်  (၃)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုရှိသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ပျက်သွားသည့် ကားကို စည်သာရွာကြားတွင် ထားခဲ့ကြပြီး လက်ရှိတွင် ထောက်ကြန့်ရွာ၌ တပ်စွဲထားကြောင်း သိရသည်။